လဲချား ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီအချိန် မြို့နယ်ပြည်သူ့ဆေးရုံ ဇီဝိတဒါနသံဃာ့ဆောင်တွင် ပထမအကြိမ် စတင်ထိုးနှံပေးခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဇင်မောင်နွယ်မှ ဦးဆောင်၍ ပထမအကြိမ် စတင်ထိုးနှံပေးရာ မြို့နယ်ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတို့မှ ဝန်ထမ်း (၈၇) ဦးအား ထိုးနှံပေးသွားမည်ဖြစ်သည်။
လဲချားမြို့နယ်အတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(၁၀)လုံးရရှိပြီး တစ်လုံးလျှင် ၁၀ ဦး ထိုးနှံနိုင်ကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)