ပင်လောင်း ဇန်နဝါရီ ၂၈
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ပင်မွန်းကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ရာတွင် အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ် ခန့်အပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့အား ရွေးချယ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်းတွံကျေးရွာ ဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းက ကြီးကြပ်ရေးအဖွဲ့အား ရွေးချယ်ရာတွင် ရပ်ကွက်သို့မဟုတ်ကျေးအုပ်စုအတွင်းရှိ အိမ်ထောင်စုတွင် ပါဝင်သူ၊ ယင်းတာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိသူ၊ ရပ်ကွက်သို့မဟုတ်ကျေးရွာအုပ်စုတွင် တစ်ဆက်တည်း အနည်းဆုံး(၅)နှစ်နေထိုင်သူ၊ အများကြည်ညို လေးစားသူများကို ရွေးချယ်ပေးရန်လိုအပ်ကြောင်းနှင့် ကြီးကြပ်ရေးအဖွဲ့၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး ပင်မွန်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာ(၁၈)ရွာမှ တက်ရောက်လာသည့် ကျေးရွာကိုယ်စားလှယ်ပြည်သူများ၏ဆန္ဒအရ ကြီးကြပ်ရေးအဖွဲ့ ငါးဦးအား ရွေးချယ်အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ခွန်အာကာစိုး