လွိုင်လင် ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးရန် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ယနေ့ညနေ (၅)နာရီအချိန်ကရောက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို လွိုင်လင်မြို့နယ်အတွင်းရှိ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ တိုင်းရင်းဆေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း(၃၈၂)ဦး အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး(၄၂)လုံးကို ဇန်နဝါရီလ ၂၈ ရက်နေ့နံနက် ၈ နာရီ ၃၀မိနစ် အချိန်တွင် ခရိုင်ဆေးရုံကြီးရှိ ဇီဝကခန်းမဆောင်တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ခရိုင်၊ပြန်/ဆက် )