ကမာရွတ်မြို့နယ် အမှတ် ၂ ရပ်ကွက်အတွင်းရှိ အနော်ရထာအိမ်ရာဝင်းအတွင်း ကိုဗစ် ကာကွယ်ဆေးထိုးနှံ ရေး အတွက် အသက် ၁၈ နှစ်အထက်လူဦးရေးစာရင်းကောက်ယူ

ကမာရွတ် ဇန်နဝါရီ ၂၇

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင်  ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရန် ရပ်ကွက်နှင့် ကျေးရွာများရှိ အသက် ၁၈ နှစ်နှင့်အထက် လူဦးရေစာရင်း ကြိုတင်ကောက်ယူထားကြရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူးများသို့ ယမန်နေ့ညနေက ပုံစံများထုတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါပုံစံတွင် အမည်၊ အဖအမည်၊ မွေးသက္ကရဇ်၊ ပြည့်ပြီးအသက်၊ ကျား/မ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ ဖုန်းနံပါတ်၊ မှတ်ချက်တို့ပါဝင်ပြီး မှတ်ချက်တွင် ဝန်ထမ်းများဖြစ်ပါက ဝန်ထမ်းဌာနအမည် ဦးစားပေးဖော်ပြကြရမည် ဖြစ်ကြောင်း သိရသည်။

ကိုဗစ်ရောဂါ ကာကွယ်ဆေးကို အသက်(၁၈)နှစ် ပြည့်ပြီးသူတိုင်း ထိုးနှံပေးသွားမည်ဖြစ်ရာ ရပ်ကွက် ရာအိမ်မှူးများက မိမိတို့နယ်မြေအတွင်း လူကျန်မရှိစေရေးအတွက် စနစ်တကျကောက်ယူ ပေးကြရန် နှိုးဆော်ထားကြောင်း သိရသည်။ ကမာရွတ် မြို့နယ်တွင် ရပ်ကွက်(၁၀) ရပ်ကွက်ရှိ ကြောင်းသိရသည်။

စိမ်းလဲ့ ( ပြန် / ဆက်)