စဉ့်ကူးမြို့နယ်၌ ကြီးကြပ်ရေးအဖွဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်

စဉ့်ကူး   ဇန်နဝါရီ  ၂၇

            စဉ့်ကူးမြို့နယ်၌ ကြီးကြပ်ရေးအဖွဲ့၊ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ        ဥပဒေ ၊ နည်းဥပဒေများအား အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲများကို ယမန်နေ့နံနက်ပိုင်းက ဝါးရုံးကုန်း ကျေးရွာအုပ်စု၊လက်ပန်လှ ကျေးရွာအုပ်စုတို့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

            အဆိုပါ အသိပညာပေး ဆွေးနွေးပွဲကို မြို့နယ်အဆင့်ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် အဖွဲ့(၁) မှ အဖွဲ့ခေါင်းဆောင် ဦးနန်းကိုဦး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော အဖွဲ့မှ မိမိတို့တာဝန်ကျရာ ရပ်ကွက်ကျေးရွာများသို့ သွားရောက်ဆွေး‌နွေးခဲ့ကြခြင်းဖြစ်ပြီး ဆွေးနွေးပွဲများသို့ သက်ဆိုင်ရာ ရပ်ကွက် / ကျေးရွာအုပ်စု  အုပ်ချုပ်ရေးမှူးနှင့်  စာရေးဝန်ထမ်းများ  ၊  ရပ်မိရပ်ဖများ  ၊  ဆယ်အိမ်မှူး ၊ ရာအိမ်မှူးများ တက်ရောက်ခဲ့ကြပြီး မိမိတို့ သိရှိလိုသည့်အကြောင်း အရာများကို ပြန်လည်မေးမြန်းကြရာ ကြီးကြပ်ရေး တာဝန်ရှိသူများကလည်း ပြန်လည်ဖြေကြားခဲ့သည်။

            အလားတူ ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊နည်းဥပဒေများ   အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများကို မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများဖြင့် ဖွဲ့စည်းထား သည့် ကြီးကြပ်ရေးအဖွဲ့( ၉ )ဖွဲ့ဖြင့်စဉ့်ကူးမြို့နယ်အတွင်းရှိရပ်ကွက်၊ကျေးရွာအုပ်စု( ၃၉ )အုပ်စုသို့ကွင်းဆင်း ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

တင်တင်နူ ( စဉ့်ကူး )