ချောင်းဆုံ ဇန်နဝါရီ ၂၇
မွန်ပြည်နယ်ချောင်းဆုံမြို့နယ်တွင် ကိုဗစ်−၁၉ ကာကွယ်ဆေးပထမအကြိမ် စတင်ထိုးနှံပေးခြင်း ကို ယနေနေ့ နံနက် (၉)နာရီခွဲကမြို့နယ် ပြည်သူဆေးရုံတွင်စုရပ်အဖြစ်ထားရှိပြီး မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်အနေဖြင့် ကိုဗစ်−၁၉ ကာကွယ်ဆေး (၂၆) လုံးရရှိပြီးဆေး(၁) လုံးကိုလူ(၁၀) ဦးထိုးနှံရမည် ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများ၊တိုင်းရင်ဆေးဌာနမှ ဝန်ထမ်းများ နှင့်အား/ကာမှဝန်ထမ်းများ စုစုပေါင်း (၂၃၂)ဦး တို့ကိုစတင်ထိုးပေးသွားမှာဖြစ်ပြီး တစ်နေ့ကိုလူ(၁၀၀)နှုန်းဖြင့် (၂)ရက် ထိုးပေး သွားမည် ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီးဒေါက်တာသူဇာဝင်း က ပြောကြားခဲ့သည်။
“ကိုဗစ်−၁၉ ကာကွယ်ဆေးမထိုးနှံခင်မှာကျန်းမာပြီးအားရှိအောင် နေသင့်ကြောင်း၊ ကာကွယ် ဆေးထိုးပြီး သွားလျှင်လည်း ပေါ့ပေါ့ဆဆမနေစေချင်ဘူး”လို့ ချောင်းဆုံမြို့နယ်အတွင်း ပထမဆုံးကိုဗစ်−၁၉ ကာကွယ် ဆေးထိုးခံခဲ့ရသူကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးထွန်းဇော်ဇော် ကပြောသည်။
ပထမအကြိမ်ထိုးနှံပေးမည့်ကိုဗစ်−၁၉ ကာကွယ်ဆေးကိုကျန်မားရေးဝန်ကြီးဌာနနှင့် ဗဟိုက သတ်မှတ်သည့် ဦးစားပေးအုပ်စုတွေကို ညွှန်ကြားချက်များ နှင့်အညီ ထိုးနှံပေးနေပြီး ကာကွယ်ဆေး ထပ်မံရရှိပါက သတ်မှတ်ချက်များအတိုင်းအဆင့်ဆင့် ထိုးနှံပေးသွားမှာဖြစ်ပြီးချောင်းဆုံမြို့နယ်အတွင်း မြို့ပေါ် ရပ်ကွက်/ကျေးရွာတွေမှာ နေထိုင်သူလူဦးရေစုစုပေါင်း(၁၇၀၀၀၀)ဦးခန့်ရှိကြောင်း ၂၀၁၉ခုနှစ် စစ်တမ်းများ အရသိရသည်။
ကေအေ(ချောင်းဆုံ)