မိုးမောက်မြို့နယ် မင်းကျမ်းကျေးရွာ ကျေးရွာအုပ်ချုပ်ရေးရုံးသစ် ဖွင့်လှစ်

မိုးမောက်     ဇန်နဝါရီ  ၂၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ၊ မိုးမောက်မြို့နယ် မင်းကျမ်းကျေးရွာ၌ ကျေးရွာအုပ်ချုပ်ရေး ရုံးသစ်ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီခန့်က အဆိုပါအဆောက်အဦတွင် ဖွင့်ပွဲကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကို၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးဝဏ္ဏစိုးအောင်၊ မင်းကျမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သောင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းကိုက အဖွင့်အမှာစကားပြောကြားပြီး ကျေးရွာ ရပ်မိ/ရပ်ဖ ဦးမွန်ပေါင်းက ကျေးရွာအုပ်ချုပ်ရေးရုံး တည်ဆောက်ခဲ့သည့် ရာဇဝင်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အဆောက်အဦသည် အလျား(၃၄)ပေ၊ အနံ(၂၈)ပေရှိ (RC)နှစ်ထပ်ဆောင်ဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီ ၃ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့သည်။ ကျေးရွာ UNDP အတိုးအမြတ်ငွေ ကျပ်သိန်း(၂၂ဝ)၊ ကျေးရွာမှ စေတနာရှင်များထည့်ဝင်ငွေ(၁ဝ)သိန်း စုစုပေါင်းငွေကျပ်သိန်း(၂၃ဝ) ကုန်ကျခဲ့ကြောင်း မင်းကျမ်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

လွန်းနန်းထွေး