မြစ်ကြီးနား ဇန်နဝါရီ ၂၇
ကချင်ပြည်နယ် လူငယ်ရေးရာကော်မတီနှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြစ်ကြီး နားမြို့ ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးရှံး၌ ယနေ့နံနက် ၉ နာရီခွဲက ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကချင်ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက လူငယ်ထုအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အားကစားကဏ္ဍတွေမှာ မြို့ပြနှင့်ကျေးလက် ကွာဟမှုမရှိစေရေး၊ အခြေခံပညာရေးကို လူငယ်တိုင်းလက်လှမ်းမီရရှိစေရေး၊ လက်တွေ့လုပ်ငန်းခွင်နှင့် ကိုက်ညီစေမည့် နည်းပညာနှင့် သက်မွေးပညာများ တစ်ပြေးညီသင်ယူ နိုင်ရေး၊ ကျောင်းထွက်နှုန်းလျှော့ချရေးလုပ်ငန်းစဉ်များကို ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် လူငယ်များ၏ အဓိကအန္တရာယ် ဖြစ်သည့် မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ တိုက်ဖျက်ရေးနှင့် ပြန်လည်ထူးထောင်ရေး လုပ်ငန်းများတွင် လူငယ်များကိုယ်တိုင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းသည်လည်း အရေးကြီးကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်လူငယ်ရေးရာကော်မတီရုံးမြေနေရာရရှိရေး လုပ်ဆောင်နေမှုအခြေအနေများ၊ လူငယ်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် တွင်ကျယ်စွာဖော်ဆောင်နိုင်ရေး ရုံးအတွင်းစီမံခန့်ခွဲမှုများ ဆောင်ရွက်နိုင်ရေးဆွေးနွေးခဲ့ကြပြီး ၂၀၂၀ ခုနှစ်အတွင်းလုပ်ဆောင်ချက်များအားသုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များရေးဆွဲအတည်ပြုခြင်း၊ မဟာဗျူဟာမိတ်ဆက်ခြင်းနှင့် အထွေထွေဆွေးနွေး ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ယော်ဆောင်(ပြန်/ဆက်)