မိုင်းဖြတ် ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ကွက်သစ်ရပ်ကွက် စိတ္တသုခကျောင်း တိုက်၌ (၁၀၈)နာရီတိုင်တိုင် ကျင်းပပြုလုပ်သော နေ့ညအသံမစဲ မဟာပဌာန်းရွတ်ဖက်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီအချိန်ခန့်က စိတ္တသုခကျောင်းတိုက်၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက်စိတ္တသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မဝံသထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ်ပရိတ်တရားတော်များကို ချီးမြှင့်ခဲ့ သည်။
ယင်းနောက် ဆရာတော်ဘဒ္ဒန္တသုနဒ္ဒက အနုမောဒနာဂါထာဖတ်ကြားခြင်း၊ စိတ္တသုခဝတ်အသင်း သူများက မဟာပဌာန ဓမ္မဂီတိမင်္ဂလာကဗျာ ရွတ်ဆိုပူဇော်ခဲ့သည်။
ဆက်လက်၍ သံဃာတော်အရှင်သူမြတ်များကို အလှူရှင်များက လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ် လှူဒါန်းပြီး စိတ္တသုခကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မဝံသက လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရားကိုချီးမြှင့်ခဲ့ပြီး ပင့်ဖိတ်ထားသောနတ်ဗြဟ္မာများကို ဆရာတော်ဘဒ္ဒန္တရေဝတက ပြန်လည်ပို့ခဲ့သည်။
ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်းရွတ်ဆိုဆုတောင်းပြီး အခမ်းနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)