သိန္နီမြို့၌ မြို့နယ်ပညာရေးမှူးရုံးတွင် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ် RCC (၂)ထပ် ဆောက်လုပ်

သိန္နီ ဇန်နဝါရီ  ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ မြို့နယ် ပညာရေးမှူးရုံးတွင် ဝန်ထမ်းများနေထိုင်မှု အဆင်ပြေစေရေးအတွက် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ခွင့်ပြုရန်ပုံငွေဖြင့် RCC(၂)ထပ် အဆောက်အဦသစ် ဆောက်လုပ်နေကြောင်း သိရှိရသည်။

အဆိုပါ ဝန်ထမ်းအိမ်ရာ အဆောက်အဦအား ၂၁-၁၂-၂၀၂၀ ရက်နေ့က ပန္နက်စတင်ရိုက်ခဲ့ပြီး ယခုလက်ရှိ အချိန်တွင် အုတ်ရိုးစီခြင်းလုပ်ငန်း ပြီးစီးနေပြီဖြစ်သည်။

ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်ကို တာဝန်ယူဆောက်လုပ်သည့် ကုမ္ပဏီမှာ စိုင်းအောင်ဖုန်းမြတ်ကုမ္ပဏီဖြစ်ပြီး တာဝန်ခံအင်ဂျင်နီယာမှာ ဦးရဲဇော်ထွန်း BE (Civil) ဖြစ်သည်။ အဆောက်အဦအမျိုးအစားမှာ RCC(၂) ထပ် အလျား -၈၀ ပေ၊အနံ-၃၀ပေ၊ (၈၀×၃၀) ပေဖြစ်ပြီး နိုင်ငံတော်ခွင့်ပြုရန်ပုံငွေကျပ်သန်း (၁၂၀) သန်းကုန်ကျမည်ဖြစ်သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 ဖိုးချို( ပြန်/ဆက်)