စဉ့်ကူးမြို့နယ်အတွင်းရှိ 40 MW Letpanhla  Solar PV Project စီမံကိန်းနှင့် ပတ်သတ်၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကျင်းပ

 

စဉ့်ကူး  ဇန်နဝါရီ ၂၇

            မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်ခရိုင် ၊ စဉ့်ကူးမြို့နယ်တွင် ( Ib Vogt Gmgh  Co,Ltd(Germany)နှင့် kyaw Su Thway Groups of Companies Limited တို့မှ  40  MW  Letpanhla Solar PV Power Plant စီမံကိန်းအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏  ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျှက်ရှိသည့်   စီမံကိန်းနှင့်ပတ်သတ်၍ ဆက်နွယ်သူများ၏ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ ( 2nd public   Consulation   meeting  )ကို စဉ့်ကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီကကျင်းပ ပြုလုပ်ခဲ့ရာအိုင်ဘီဗွီအိုဂျီတီစင်ကာပူကုမ္ပဏီလီမိတက်ဒ်(Ib Vogt Singapore Pte.Ltd.)၊ကျော်စုသွေးကုမ္ပဏီ  အုပ်စုလီမိတက်တို့မှ ကိုယ်စားလှယ်များသည် လက်ပန်လှနေရောင်ခြည်စွမ်းအင်သုံး ဓါတ်အားစက်ရုံစီမံကိန်းအတွက် ပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုဆန်းစစ်ခြင်းအတွက် ဒေသခံပြည်သူတို့နှင့်တွေ့ဆုံရန် လာရောက်ရခြင်းဖြစ်ပါကြောင်းနှင့် ဒီနေ့တွေ့ဆုံရသောရည်ရွယ်ချက်များ ဒေသခံပြည်သူများကို စီမံကိန်းအကြောင်းရှင်း လင်းတင်ပြရန်ဖြစ်ပါကြောင်း ဆွေးနွေးရှင်းလင်းခဲ့သည်။

            အဆိုပါ စီမံကိန်း၏ လုပ်ငန်းစုသည် ၂၀၂၀ -ခုနှစ် စက်တင်ဘာလတွင် ၄၀ မဂ္ဂါဝပ်  နေရောင်ခြည်သုံးစွမ်းအင်စီမံကိန်းအတွက်  ပထမအဆင့်ဖြင့်  အောင်မြင်သည့် လေလံတင်သူအဖြစ် ရွေးချယ်ခံရပြီး  စီမံကိန်း   ဧရိယာ တစ်ခုလုံးသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ခူလယ်ကျေးရွာအုပ်စုတွင် တည်ရှိပါကြောင်းနှင့် မြန်မာလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ချုပ်ဆိုထားသော နှစ်(၂၀)စွမ်းအင် ဝယ်ယူမှုသဘောတူညီချက်အရ ၄၀ မဂ္ဂါဝပ် ရောင်ခြည်စွမ်းအင်သုံးဓါတ်အားသုံးစက်ရုံကို တည်ဆောက်လည်ပတ်ရန်စီစဉ်ထားပါကြောင်းနှင့် စီမံကိန်းမြေတွင် လယ်ယာမြေ၊ စားကျက်မြေ၊ မြေလွတ်မြေရိုင်း ပါဝင်မှုနှင့် PV ဓါတ်အားရုံများကို ၆၆ ကီလိုဗို့မိုးပေါ်ဓါတ်အားလိုင်းများဖြင့် စဉ့်ကူးမြို့နယ် ရွှေပန်းတောကျေးရွာရှိ ၁၃၂/၆၆ ကီလိုဓါတ်အားခွဲရုံသို့ ဆက်သွယ်သွယ်တန်းရန် လျာထားပြီး ဆောက်လုပ်ရေးကာလ၊ လုပ်ငန်းလည်ပတ်ရေး ကာလ၊ စီမံကိန်းလုပ်ငန်းစဉ်များနှင့် ဖြစ်နိုင်ခြေရှိသော သက်ရောက်မှုများကို ကိုယ်စားလှယ်များနှင့် မြို့နယ်မှ တက်ရောက်လာသည့် ဌာနဆိုင်ရာများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။  

တင်တင်နူ ( စဉ့်ကူး )