ကျိုက်ထို ဇန်နဝါရီ ၂၇
သထုံခရိုင်၊ ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့နံနက် ၈ နာရီမှ စတင်၍ ကျန်းမာရေး ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျိုက်ထိုမြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောကလျာနှင့် ကျန်းမာရေး ဝန်ထမ်း(၂၁၂)ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ (၄)ဦး၊ မြို့နယ်တိုင်းရင်းဆေးမှ (၃)ဦးတို့အား (၂၇-၁-၂၀၂၁) မှ (၂၈-၁-၂၀၂၁) ထိ ထိုးနှံပေးသွားမည်ဖြစ်ပြီး အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရေးအတွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ လူဦးရေ သန်းကောင် စာရင်းကောက်ယူကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေး အတွက် ညွှန်ကြားချက်နှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ စောကလျာထံမှ သိရသည်။
သန်းသန်းမော်