လဲချား ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်း ရွေးချယ်ရေးအဖွဲ့မှ ကြီးကြပ်ရေး အဖွဲ့ဝင် (၅) ဦးအား စိစစ်ရွေးချယ်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့မကျေးရွာအုပ်စုတွင် ကွင်းဆင်းစိစစ် ရွေးချယ်ခြင်း ပြုလုပ်ခဲ့သည်။
အဆိုပါ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဝင်များ ရွေးချယ်ပေးခြင်းကို မြို့နယ်ကွင်းဆင်းရွေးချယ်ရေးအဖွဲ့မှ ဒုတိယမြို့နယ် ဦးစီးမှူး ဦးချမ်းမြေ့လှိုင်နှင့် မြို့နယ်ဌာနဆိုင်ရာအဖွဲ့ဝင်များက သတ်မှတ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထိုသို့ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် ကြီးကြပ်ရေး အဖွဲ့ဝင် (၅)ဦးကို မြို့နယ်ကွင်းဆင်း ရွေးချယ်ရေး အဖွဲ့ဝင်များမှ မြို့မကျေးရွာအုပ်စုသို့ သွားရောက်၍ အိမ်ထောင်စု (၁၈၇၉)စုမှ ကိုယ်စားလှယ်များအား ဖိတ်ကြားတွေ့ဆုံကာ အများကြည်ညိုလေးစားပြီး ကြီးကြပ်ရေးအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လိုသူ (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ စနစ် တကျ စိစစ်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)