ဇေယျာသီရိမြို့နယ်၌ အိမ်မွေးခွေးများအား ခွေးရူးပြန်‌ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ဇေယျာသီရိ  ဇန်နဝါရီ ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မွေးမြူထားသော အိမ်မွေးခွေးများအား ခွေးရူးပြန်ရောဂါကြိုတင်ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းမှ စတင်ကာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် Four Paws International တို့ ပူးပေါင်း၍ အခမဲ့ထိုးနှံပေးခဲ့သည်။

အဆိုပါ ခွေးရူးပြန်ရောဂါ ကြိုတင်ကာကွယ်ဆေးထိုးခြင်းသည် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ဖြစ်သည့် ၂၀၃၀ ပြည့်နှစ်တွင် ခွေးမှတစ်ဆင့် လူသို့ ခွေးရူးရောဂါ ကူးစက်မှု မရှိစေရေး မျှော်မှန်းချက်နှင့်အညီ မြန်မာနိုင်ငံ၏ ခွေးရူးရောဂါကင်းစင်ပပျောက်ရေးစီမံချက်အရ ထိုးနှံပေးခြင်းဖြစ်ပြီး ဇေယျာသီရိမြိုနယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာတိုးမြင့်ထွေးဦးဆောင်၍  ယနေ့မှ စတင် မြို့နယ်အတွင်းရှိ  ပိုင်ရှင်ရှိ၊ ပိုင်ရှင်မဲ့ ခွေးများအား ခွေးရူးရောဂါကာကွယ်ဆေးကို အိမ်တိုင်ရာရောက်ကွင်းဆင်း၍ အခမဲ့ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးလင်းထွန်း(ပြန်/ဆက်)