ထန်းတပင် (ပဲခူး) ဇန်နဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက် ၈ နာရီက ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံ ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါကျန်းမာရေးဝန်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးငြိမ်းက ကိုဗစ်-၁၉ ကာကွယ်ရေးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ နေထိုင်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်း (၁၀၀)ဦးခန့်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာနမှ(၃)ဦး တို့အား ဆေးထိုးစုရပ်၌ စတင်ထိုးနှံပေးခဲ့သည်။
ယနေ့ထိုးနှံပေးသော ကာကွယ်ဆေးသည် တစ်ကြိမ်နှင့် တစ်ကြိမ် ရက်သတ္တပတ်(၄)ပတ် ခြား၍ နှစ်ကြိမ်ထိုးနှံပေးသွားမည်ဖြစ်ပြီးမြန်မာနိုင်ငံ၏ ပထမဦးစားပေးအဖြစ် ကျန်းမာရေး ဝန်ထမ်းများအား စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)