အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ လူသွားလူလာ များတတ်သော နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း တပ်ဆင်စေရေး အဝါရောင် Mask Campaign ဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ လူသွားလူလာ များတတ်သော နေရာများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အတွက် နှာခေါင်းစည်း တပ်ဆင်စေရေး အဝါရောင် Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ(၄) နာရီခွဲ အချိန်က ဖော့ကန်ရပ်ကွက်ရှိ ဖော့ကန်ဈေးနှင့် အောက်မင်္ဂလာဒုံ လမ်းမပေါ်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲက္ကဋ္ဌ ဦးစည်သူဇော်၊ မြို့နယ် တပ်ဖွဲ့မှူး ဦးနီထွန်းတို့ ဦးဆောင်ကာ တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လမ်းသွားလမ်းလာသူများကို နှာခေါင်းစည်း များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ Stop ကိုဗစ်-၁၉ ပြက္ခဒိန် များ ဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးဗီနိုင်းများ ကပ်ခြင်းစသည့် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် အင်းစိန်မြို့နယ်အတွင်းရှိ ကျန်ရှိနေသော ရပ်ကွက်များ ကိုလည်း မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန် ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ဇွဲထက်ကို(ပြန်/ဆက်)