ဒက္ခိဏသီရိမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ

ဒက္ခိဏသီရိ  ဇန်နဝါရီ  ၂၇

မြန်မာတစ်နိုင်ငံလုံးရှိ ကျန်းမာရေးဝန်ထမ်းများအား (ပထမ)အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ကို စတင်ထိုးနှံပေးလျက်ရှိရာ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများအား ယနေ့ နံနက်ပိုင်းမှစတင်၍ ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက် ရှိသည်။

ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံပေးရာတွင်  မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း (၅၅)ဦး တို့အား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)