ကာလိ ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ အမှတ်(၁) ရပ်ကွက်တွင် ထပ်မံတိုးလာသော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ ငွေသားဖြင့်ထောက်ပံ့ပေးခြင်းကို ကာလိမြို့တွင် တာဝန်ရှိသူများတို့က ယနေ့နံနက် (၉) နာရီခွဲ အချိန်ခန့်က ရပ်ကွက်(၁) အုပ်ချုပ်ရေးမှူးရုံး၌ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆောင်ရွက်သည့် ကာလအတွင်း အခြေခံလူတန်းစားများအတွက် အထောက်အကူများ ဖြစ်စေရန်ရည်ရွယ်၍ ထက်မံတိုးလာသော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများအား အိမ်ထောင်စုပေါင်း (၉၆)စု တို့ကို နိုင်ငံတော်အစိုးရမှ အိမ်ထောင်စုတစ်စုလျှင် (၂)သောင်းကျပ်နှုန်းဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအောင်ကျော်ဦး၊ ကာလိမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူး ဦးစိုင်းခမ်းလူတို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းကျော် (ကာလိ၊ပြန်/ဆက်)