ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန် သန်လျင်မြို့မစျေးကြီးက အလှူငွေကျပ်သိန်း(၁၀၀)လှူဒါန်းပွဲ ကျင်းပ

သန်လျင် ဇန်နဝါရီ ၂၇

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ မြို့မစျေးကြီးသိမ်ကျောင်း ဓမ္မသဟာယအဖွဲ့၏ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူနိုင်ရေးအတွက် အလှူငွေပေးအပ်ပေးပွဲကို ယနေ့ နံနက်(၉)နာရီ တွင် သန်လျင်မြို့ - ကျိုက်ဗောဓိ-အရှေ့ကျောင်းဓမ္မာရုံ၌ ကျင်းပသည်၊၊

ရှေးဦးစွာ သန်လျင်မြို့နယ် အမှတ်(၂)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ထွန်းနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်တို့က ဝမ်းမြောက်ပီတိ စကား ပြောကြားပြီး မြို့မစျေးကြီး ဓမ္မသဟာရ အဖွဲ့ခေါင်းဆောင် ဒေါ်သန်းရင်က လှူဒါန်းရသည့် ရည်ရွယ်ချက်အား ရှင်းလင်း တင်ပြသည်၊၊

ယင်းနောက် မြို့မစျေးကြီး သိမ်ကျောင်းဓမ္မသဟာယအဖွဲ့၏ ကိုဗစ်ကာကွယ်ဆေး ဝယ်ယူရန် အလှူငွေ ကျပ်သန်း ၁၀၀ ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်၊၊ ထို့နောက် သန်လျင်မြို့နယ် နာရေးကူညီမှုအသင်း နာယက ဒေါက်တာ ဦးဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်၊၊

သန်လျင်မြို့နယ် မြို့မစျေးကြီးအတွင်း ဓမ္မသဟာယအဖွဲ့အနေဖြင့် မြို့နယ်၏ ဘာသာရေး၊ လူမှုရေးလုပ်ငန်းများအတွက် ယနေ့ထိ အလှူငွေကျပ်(၁၅၈၆)သိန်း လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်၊၊

သန်ဝင်း(သန်လျင်)