မှော်ဘီမြို့နယ် မြို့မစျေးကြီး၌ နှာခေါင်းစည်းများ တပ်ဆင်ရန်နှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်

မှော်ဘီ ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် မြို့မစျေးကြီးတွင် စျေးရောင်း၊ ဈေးဝယ်သူများ တစ်နေ့ထက် တစ်နေ့ များပြားလာလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဝန်ထမ်း များသည် လက်ကိုင်အသံချဲ့ စက်ဖြင့် စျေးရောင်း၊ စျေးဝယ်သူများ နှာခေါင်းစည်း (Mask) များကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ကြရန် နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မြို့မစျေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ် တပ်ဖွဲ့များနှင့် ပူးပေါင်းပြီး မီးကြွင်းမီးကျန်များ မရှိစေရေးကို စစ်ဆေးခြင်း၊ မီးဘေးအန္တရာယ် ကျရောက်နိုင် သည့် ပစ္စည်းများ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ(ပြန်/ဆက်)