မိုင်းရယ်မြို့နယ် နားခိုကျေးရွာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

မိုင်းရယ်   ဇန်နဝါရီ     ၂၇

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးမှူးအဖွဲ့ ဖွဲ့စည်းခြင်း ကို ယမန်နေ့ မွန်းလွဲ (၂)နာရီက နားခိုကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်သည်။

အခမ်းအနားတွင် နားခိုကျေးရွာ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်စိန်က ရွေးချယရခြင်းအား ရှင်းလင်းပြေားကြားပြီး ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖုန်းလွင်က ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသည့် အိမ်ထောင်စုကိုယ်စားလှယ်များက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ ဆယ်အိမ်မှူး များ ဖွဲ့စည်းနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းရေးအတွက် ရွေးချယ်ခဲ့ကြပြီး ဌာနဆိုင်ရာရွေးချယ်ရေးအဖွဲ့က အတည်ပြုပေးခဲ့သည်။

မိုင်းရယ် ပြန်/ဆက်