ညောင်ရွှေမြို့နယ် အင်းတန်းကျေးရွာ၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)များ တောင်သူလက်ဝယ်အရောက်ပေးအပ်

ညောင်ရွှေ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်အတွင်း လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ()ပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အင်းတန်းကျေးရွာအုပ်စု၊ အင်းတန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။          

ပေးအပ်ပွဲတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးဇော်လွင်က လယ်ယာ မြေလုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ() ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက်မှတ် များကို တောင်သူများထံသို့ ပေးအပ်ခဲ့ကြသည်။

အဆိုပါ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ()ပေးအပ်ပွဲတွင် အင်းတန်းကျေးရွာအုပ်စုအတွင်းရှိ တောင်သူဦးရေ (၄၅)ဦး အား ဦးပိုင်ပေါင်း (၅၇)ကို တောင်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ