မှော်ဘီ ဇန်နဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၌ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူတည်ဆောက် ထိန်းသိမ်း ထားရှိသည့် မှော်ဟေဝန် ပန်းခြံကို ပြည်သူလူထုများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့်အညီ ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။
ထိုသို့ ယာယီပိတ်သိမ်းထားသည့် အချိန်တွင် အဆိုပါ ပန်းခြံအား ကလေးကစားစရာနေရာများကို အသစ်ပြုပြင် ဆောင်ရွက်ခြင်း အလှ ပန်းပင်၊ သစ်ပင်များကို ပြည်သူများ အပန်းဖြေ စိတ်ကြည်နူးမှုရှိ စေရန် စနစ်တကျ စိုက်ပျိုးဆောင်ရွက်ခြင်း စသည့်တို့ကို ပြန်လည် မွမ်းမံပြင်ဆင် ထားရှိပြီးဖြစ်ရာ အများပြည်သူများ ကျန်းမာရေးလေ့ကျင့်ခန်း လုပ်ရန်၊ စိတ်အမောအပန်းဖြေနိုင် စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)