လဲချား၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်းရွေးချယ်ရေးအဖွဲ့မှ ကြီးကြပ်ရေး အဖွဲ့ဝင်များအား စိစစ်ရွေးချယ်

လဲချား ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် မြို့နယ်ကွင်းဆင်း ရွေးချယ်ရေးအဖွဲ့မှ ကြီးကြပ်ရေးအဖွဲ့ဝင်များအား စိစစ်ရွေးချယ်ခြင်းကို ယနေ့ မွန်းလွဲ နာရီအချိန်က အမှတ်()ရပ်ကွက်တွင် ကွင်းဆင်းစိစစ် ရွေးချယ်ခြင်းပြုလုပ်ခဲ့သည်။

အဆိုပါ  ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအတွက် မြို့နယ်ကွင်းဆင်း ရွေးချယ်ရေးအဖွဲ့မှ မြို့နယ် ဌာနဆိုင်ရာ အဖွဲ့ဝင်များက ကြီးကြပ်ရေးအဖွဲ့ဝင်များ ရွေးချယ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့ပြီး ကွင်းဆင်းစိစစ် ရွေးချယ် လျက်ရှိသည်။

ထိုသို့အုပ်ချုပ်ရေးအသစ်များ ရွေးချယ်ခန့်ထားနိုင်ရေးအတွက် မြို့နယ်စာရင်းစစ်ရုံး ဦးစီးအရာရှိ ဒေါ်ဖြူဖြူသန်းနှင့် မြို့နယ် ကွင်းဆင်းရွေးချယ်ရေးအဖွဲ့ဝင်များမှ အမှတ်() ရပ်ကွက်သို့ သွားရောက်၍ အိမ်ထောင်စု (၂၈၅)စုမှ ကိုယ်စားလှယ်များ ဖိတ်ကြားတွေ့ဆုံကာ အများကြည်ညိုလေးစားပြီး ကြီးကြပ်ရေးအဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်လိုသူများအား စိစစ်ရွေးချယ်ပေးခဲ့ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)