တာချီလိတ်မြို့သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ရောက်ရှိ

တာချီလိတ် ဇန်နဝါရီ ၂၆

မြန်မာ-ထိုင်းနယ်စပ်ဒေသ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ပေးပို့လာသော ကိုဗစ်-၁၉ ကာကွယ်ဆေးများ ယနေ့ နေ့လယ်အချိန်က ကမ္ဘောဇလေကြောင်းလိုင်းလေယာဉ်ဖြင့် ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးကို တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ် တားဆီးထိန်းချုပ် ကုသရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်၊ ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်၊ မြို့နယ်ကိုဗစ်တားဆီး ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့်ကော်မတီဝင်များက သွားရောက်လက်ခံခဲ့ကြသည်။

ပေးပို့လာသော ကာကွယ်ဆေးများ အလုံးရေ ၃၉ လုံးရှိပြီး ဗဟိုမှ ညွန်ကြားချက်အရ တာချီလိတ်မြို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် စတင်ထိုးနှံ့ပေးသွားမည်ဖြစ်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်ထံမှ သိရှိရသည်။

ယာဆေး(ပြန်/ဆက်)