စဉ့်ကိုင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်ပြန်လည်ရွေးချယ်ရေးနှင့် ပတ်သက်၍ မြို့နယ်အဆင့် ကြီးကြပ်ရေး အဖွဲ့များ ညှိနှိုင်းဆွေးနွေး

စဉ့်ကိုင်     ဇန်နဝါရီ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်အုပ်ချုပ်ရေးမှူး အသစ်ပြန်လည် ရွေးချယ် နိုင်ရေး အတွက်မြို့နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့ ညှိနှိုင်းဆွေးနွေးခြင်း ကို  ယမန်နေ့ မွန်းလွဲ()နာရီက   မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန    ပြည်သူ့ဝန်ဆောင်မှုရုံး  (OSS)ရုံး  ခန်းမတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင်  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးကောင်းမြတ်ထွန်းက  ကြီးကြပ်ရေးအဖွဲ့  ဖွဲ့စည်းခြင်းဆိုင်ရာများနှင့်  ရပ်ကွက်/​ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်နိုင်ရေးအတွက်   အသေးစိတ်ရှင်းလင်းနွေးဆွေးခဲ့ပြီးနောက်   တာဝန်ပေးအပ်ထားသည့်  မြို့နယ်အဆင့်ဌာနဆိုင်ရာများမှကြီးကြပ်ရေးအဖွဲ့နှင့် ရာအိမ်မှူးများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ  ရွေးချယ်ရာတွင် ဆောင်ရွက်ရမည့်အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

စဉ့်ကိုင်မြို့နယ်တွင်  မြို့ပေါ်()ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၅၃)အုပ်စု ရှိပြီး  ရပ်ကွက်/ကျေးရွာ အုပ်စုတစ်စုလျှင် ကြီးကြပ်ရေး အဖွဲ့ဝင် ()ဦးကို ရွေးချယ်ပေးရန် မြို့နယ်အဆင့် ကြီးကြပ်ရေးအဖွဲ့()ဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပြီး အဆိုပါတစ်ဖွဲ့ လျှင် ရပ်ကွက်/ကျေးရွာ အုပ်စု ()အုပ်စု တာဝန်ယူရွေးချယ်ပေးရမည်ဖြစ်ကြောင်းသိရသည်။

 အောင်ပိုင်ပိုင်ကျော်(စဉ့်ကိုင်ပြန်/ဆက်)