တပ်ကုန်း ဇန်နဝါရီ ၂၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်၊ ဦးနု+ဒေါ်ကျင်နု (NNN) မိသားစုမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေစာရင်းသို့ စုပေါင်းပါဝင် လှူဒါန်းနိုင်ရန်အတွက် ငွေကျပ်သိန်း (၁၀၀)အား မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေး အထောက်အကူပြုကော်မတီကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက ကိုဗစ်-၁၉ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ အဆိုပါ အလှူရှင်အိမ်တွင် ပေးအပ်လှူဒါန်းကြောင်း သိရသည်။
အဆိုပါလှူဒါန်းငွေ ကျပ်သိန်း(၁၀၀)အား တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်၊ မြို့မိမြို့ဖ များဖြစ်ကြသည့် ဒေါက်တာခင်မောင်ထွန်း၊ ဦးလှရွှေ၊ ဦးတင်ဝင်းတိုး၊ ဦးမောင်သိန်း၊ ဦးလှသန်းနှင့် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအထောက်အကူပြု ကော်မတီအဖွဲ့မှ လက်ခံရယူခဲ့သည်။
တပ်ကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေစာရင်းသို့ စုပေါင်းပါဝင်လှူဒါန်းနိုင်ရန် အတွက် ဇန်နဝါရီ ၂၀ ရက်နေ့က အလှူခံဌာနစတင်ဖွင့်လှစ်ခဲ့ရာ ယနေ့လှူဒါန်းငွေအပါဝင် စုစုပေါင်းငွေကျပ် (၁၆၆) သိန်းနှင့် ဒေါ်လာ (၁၀၀၀) ရရှိပြီဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အထောက်အကူပြု ကော်မတီထံမှ သိရသည်။
တင်စိုးလွင်