ပန်ဆိုင်း(ကြူကုတ်)မြို့၌ ဒုတိယအကြိမ် ပြင်ဆင်သည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး နည်းဥပဒေအား အသိပညာပေးရှင်းလင်း

ပန်ဆိုင်း  ဇန်နဝါရီ  ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်)မြို့၌ ဒုတိယအကြိမ် ပြင်ဆင်သည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး နည်းဥပဒေအား အသိပညာပေး ရှင်းလင်းခြင်းကို ယနေ့၊ နံနက်()နာရီအချိန်ခန့်က မြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျန်းမာရေးလမ်းညွှန်ချက်နှင့်အညီ ပြုလုပ်သည်။

ရှေးဦးစွာ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမင်းဇာနည်က ရပ်ကွက်/ကျေးရွာ အုပ်စု၊ အုပ်ချုပ်ရေး ဥပဒေ နည်းဥပဒေ ပြင်ဆင်သည့်ပဒေ၊ နည်းဥပဒေပါ အကြောင်းအရာများနှင့် အိမ်ထောင်စု စာရင်းဆိုင်ရာကိစ္စရပ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရေးဆိုင်ရာနှင့် ပတ်သက်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို ချပြရှင်း လင်းဆွေးနွေးသည်။

ဆက်လက်ပြီး  တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာ စာရေးများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ မြို့အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားသည်။

ဒုတိယအကြိမ် ပြင်ဆင်သည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး နည်းဥပဒေအား အသိပညာပေးဆွေးနွေးပွဲကို ရပ်ကွက်/ကျေးရွာအုပ်စုများမှ ရပ်ကျေးစာရေး(၁၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းမိုးခိုင် (ပြန်/ဆက်)