မိုင်းခတ် ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း သုံးသပ်ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစဲကီကော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကောင်းမြင့်သူတို့က အဖွင့် အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရန်ကျော်က မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ စီမံကိန်းကျေးရွာ ကော်မတီများ အုပ်စု ဖွဲ့ပြီး စီမံကိန်းကျေးရွာရွေးချယ်ခြင်းနှင့် ရန်ပုံငွေထုတ်ချေးခြင်း၊ စီမံကိန်းရန်ပုံငွေများ ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး၊ သက်တမ်းတိုး ဆောင်ရွက်သည့် ကိစ္စရပ်များနှင့် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာအုပ်စုများရှိ မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များ၏ သိလိုသည့် မေးမြန်း ဆွေးနွေးချက်များကို တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုးဒေ (ပြန်/ဆက်)