ဒဂုံမြောက် ဇန်နဝါရီ ၂၆
သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို နိုင်ငံတော်မှ ပေးအပ်လျက်ရှိရာ ရန်ကုန် တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ သက်ကြီး ဘိုးဘွားများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ မြို့နယ်နေ့ ကလေးထိန်းကျောင်းအုပ်ကြီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများမှ ယမန်နေ့က အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။
အသက်(၈၅)နှစ်အထက် ဘိုးဘွားတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ရာ တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာ နှစ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ စတုတ္ထ သုံးလပတ်အတွက် ဘိုးဘွား တစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းနှင့် သက်ကြီးဘိုးဘွား (၁၂၄၀)ဦး၊ အသက် (၁၀၀) နှစ်အထက် ဘိုးဘွား(၉)ဦးအား ကိုဗစ် ကာလထောက်ပံငွေ ၆၀၀၀၀/- အပါအဝင် စုစုပေါင်း သက်ကြီးဘိုးဘွား (၁၂၄၉)ဦးအတွက် ၃၇၇၄၀၀၀၀ ကျပ်ကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)