မြောက်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံမည့် အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြောက်ဥက္ကလာပ ဇန်နဝါရီ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရပ်ကွက်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်‌‌နေ့ နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်က ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိနိုင်မှုအပေါ် မူတည်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသက်(၁၈)နှစ်အထက် ဦးစားပေးအုပ်စုများအလိုက် ကာကွယ်ဆေး ထိုးနှံမည့် အစီအစဉ်အရ လူဦးရေစာရင်း‌ ကောက်ယူနိုင်ရေးနှင့် ရပ်ကွက်(၁၉) ရပ်ကွက်ရှိ လူနေထူထပ်မှု များသည့် ရပ်ကွက်များ၊ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသူ အများဆုံး ဖြစ်သည့် ရပ်ကွက်များကို ဦးစား​ပေး ထိုးနှံနိုင်ရေးကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသော မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် အစီအစဉ်အရ လူဦးရေစာရင်း ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်ရမည့် အခြေအနေများကို အသီးသီးဆွေး နွေးပြောကြားခဲ့ကြောင်း သိရသည်၊၊

မြမြဝင်း(ပြန်/ဆက်)