သံဖြူဇရပ်မြို့နယ် သာသနာ့ဗိမာန်​တော် တည်​ဆောက်​ရေးလုပ်ငန်း စတင်မည်ဖြစ်၍၊ မြေ​နေရာအား စု​ပေါင်းသန့်ရှင်း​ရေး လုပ်အား ဒါနပြု

သံဖြူဇရပ် ဇန်နဝါရီ  ၂၆

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် မြို့နယ်၏သာသနာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပပြုလုပ် နိုင်မည့်(၄) ထပ်​ဆောင် သာသနာ့ဗိမာန်​တော်ကြီးကို တည်​ဆောက်​ရေးလုပ်ငန်း စတင်​ဆောင်ရွက်​တော့ မည်ဖြစ်ရာဆောက်လုပ်မည့် သံဖြူဇရပ်မြို့ ​ဖောင်စိန်တိုးချဲ့ရပ်ကွက်မြေ​နေရာနှစ်ဧကတွင် ခြုံနွယ်များ ရှင်းလင်းခြင်းစု​ပေါင်းလုပ်အား​ပေး​ဆောင်ရွက်မှုကို ယ​နေ့နံနက် ၈ နာရီအချိန်မှစတင်​ ဆောင်ရွက်​ ကြောင်းသိရသည်။

သာသနာ့ဗိမာန်​တော်​မြေ​နေရာ သန့်ရှင်း​ရေးအတွက် ဗိမာန်​တော်​ဆောက်လုပ်​ရေးကြီးကြပ်မှု​ကော်မတီမှဦးဆောင်ကာ၊ မြို့နယ်နာ​ရေးကူညီမှုအသင်း၊ ဖြူစင်မေတ္တာလူမှုကူညီ​ရေးအသင်း၊ မွန်မြတ်​စေတနာ လူမှုကူညီ​ရေးအသင်း (ကျုံကဒတ်​ကျေးရွာ) နှင့် ဖောင်စိန်ရပ်ကွက်လူမှု ကူညီအသင်းဝင်များ၊ ရပ်ကွက်ပြည်သူများစုစု​ပေါင်းအင်အား(၂၀၀)ဦးခန့် လုပ်အားဒါန ပြုလုပ် ဆောင်ရွက် ခဲ့ကြသည်။

ထို့အတူ ပြည်သူ့​ဆောက်လုပ်ရေးလမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့အင်ဂျင်နီ ယာဌာနမှ သာသနာ့ဗိမာန်​​မြေ​နေရာအား စက်ယန္တရားဖြင့်​ မြေညှိခြင်း၊ အငုတ်ထုတ်ခြင်းတို့ကိုကူညီ​ဆောင်ရွက်​ပေးသည်။ သံဖြူဇရပ်မြို့ (၄) ထပ် သာသနာ့ ဗိမာန်​တော်ကြီး တည်​ဆောက်​ရေးအတွက်၊ ယခုလ (၃၁) ရက်​နေ့ နံနက် ၈ နာရီတွင် နာယကဆရာ​တော်များကြီးမှူး၍ ပန္နက်တင် မင်္ဂလာ အခမ်းအနား စတင်မည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လတွင် အုတ်မြစ်စီမင်္ဂလာပြုလုပ်ကာ တည်​ဆောက်မှု လုပ်ငန်းကို စတင်မည်ဖြစ်​ကြောင်းနှင့် သာသနာ့ဗိမာန် တည်​ဆောက်​ရေးအတွက် အလှူ​ငွေများ ပါဝင်လှူဒါန်းနိုင်​ကြောင်း တည်​ဆောက်​ရေး​ ကော်မတီဥက္ကဋ္ဌ ဦးခင်​မောင်ဦးထံမှသိရသည်။

အေး​အေးသီ(ပြန်/ဆက်)