သီပေါမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားပြုလုပ်

သီပေါ ဇန်နဝါရီ  ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နားမခေါ်ကျေးရွာ အုပ်စု    တွန်ကြိုင်းကျေးရွာတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် သီပေါမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နန်းက အမှာစကား ပြောကြားခဲ့ပြီး ဦးစီးအရာရှိ ဒေါ်နှင်းယဉ်ဝင်းက မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများ၊ စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာအတွက်ရရှိလာမည့် ဖွံဖြိုးတိုးတက်မှု အခွင့်အလမ်းနှင့် အကျိုးအမြတ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကော်မတီ ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ ကော်မတီဝင်များ၊  ကျေးရွာနေပြည်သူများ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ပြည်သူများ၏ဆန္ဒဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်းကော်မတီဝင်များကို အဆိုပြုရွေးချယ်ခဲ့ကြကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)