ကျေးသီး ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ် ဟော်ကုန်းရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ် နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းအား ယနေ့ နံနက် (၉)နာရီခန့်က ဟော်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးထွန်းလင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာန၊ ဒုတိယဦးစီးမှူး ဉီးသက်နိုင်ထွန်းတို့က ရပ်ကွက်၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြင်ဆင်ချက်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပုံ အဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်က ဒေသစကား (ရှမ်းဘာသာ)ဖြင့် ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တာဝန်ရှိသူများက ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာ သော ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ အဆိုပြု ရွေးချယ်မှုအရ ကြီးကြပ်ရေးအဖွဲ့ (၅)ဦးအား စနစ်တကျ ရွေးချယ် ခဲ့ကြသည်။
အဆိုပါ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)