မိုင်းစံမြို့အမှတ်(၂) ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်အပ်နိုင်ရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်

မိုင်းစံ ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့အတွင်း လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်အုပ်ချုပ် ရေးမှူးများ၏ ရာထူးသက်တမ်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ(၃၁)ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ် များကို ဧပြီလ(၁)ရက်နေ့မှ စ၍တာဝန်ထမ်းဆောင်နိုင်ရေးအတွက် ရွေးချယ်ခန့်အပ် တာဝန်ပေးနိုင်ရန် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဥပဒေ၊ နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၌လည်းကောင်း ညနေ(၄) နာရီ အချိန်က အမှတ်(၃)ရပ်ကွက်တွင်လည်းကောင်း ပြည်သူများအား အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို အဆိုပါ‌ ဘုန်းတော်ကြီးကျောင်းအသီးသီး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် မိုင်းစံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ် ချုပ်ရေးမှူး ဦးနိုင်လင်းနှင့်တာဝန်ရှိသူများက အကျယ်တဝင့် ဆွေးနွေးရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်တက်ရောက်လာ‌သောပြည်သူများက ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ဆိုင်ရာများကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။

ခင်ချို(ပြန်/ဆက်)