ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်း

ကွန်ဟိန်း ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၊ အမှတ်(၄)ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်နိုင်ရေး ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းအား ယနေ့နံနက်(၉)နာရီခွဲအချိန်ခန့်က အမှတ်(၄)ရပ်ကွက် ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်က  ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပြင်ဆင်ချက်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ပုံ အဆင့်ဆင့်ကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်၍  တာဝန်ရှိသူများက ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသော ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ အဆိုပြုရွေးချယ်မှုအရ ကြီးကြပ်ရေးအဖွဲ့ (၅)ဦးအား စနစ်တကျ ရွေးချယ်ခဲ့ကြသည်။

အဆိုပါ  ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ခြင်းအား ကျန်းမာရေးလမ်းညွှန်ချက်များ နှင့်အညီဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

နန်းပြည့်စန္ဒီမြင့်  (ပြန်/ဆက်)