မောက်မယ် ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း မြို့နယ်အဆင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်သူရက အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစံထွန်းလင်းက သုံးသပ်ဆွေးနွေးပွဲ ပြုလုပ်ရ ခြင်း၏ ရည်ရွယ်ချက်နှင့် မြစိမ်းရောင်စီမံကိန်း ဆောင်ရွက်နေမှုအား ရှင်လင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး အစည်းအဝေးသို့တက်ရောက်လာသူများမှ မြစိမ်းရောင်စီမံကိန်းနှင့်ပတ်သက်၍ ပြင်ဆင်ဖြည့်စွက် လိုသည်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)