မိုင်းရယ်မြို့ရပ်ကွက်(၃)တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ရန် ကြီးကြပ်ရေးအဖွဲ့ဖွဲ့စည်း

မိုင်းရယ်   ဇန်နဝါရီ     ၂၆

လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပြန်လည်ရွေးချယ်ရန်အတွက် ကြီးကြပ်ရေးမှူးအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့နံနက် (၁၀)နာရီက အမှတ်()ရပ်ကွက်၊ ဆိုင်မိန်းဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမှတ်()ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်စီမံကိန်းရေးဆွဲရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ခင်စိန်က ရွေးချယ်ရခြင်းအား ရှင်းလင်းပြေားကြားပြီး ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဖုန်းလွင်က ကြီးကြပ်ရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက်တက်ရောက်လာသည့်အိမ်ထောင်စုကိုယ်စားလှယ်များက ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ ဆယ်အိမ်မှူးများဖွဲ့စည်းနိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းရေးအတွက် ရွေးချယ်ခဲ့ကြပြီး ဌာနဆိုင်ရာ ရွေးချယ်ရေးအဖွဲ့က အတည်ပြုပေးခဲ့သည်။

မိုင်းရယ် မြို့နယ် အမှတ်()ရပ်ကွက်တွင် အိမ်ထောင်စု(၅၈၃) လူဦးရေ (၃၂၁၂)ဦးရှိပြီး အဆိုပါကြီးကြပ် ရေးမှူး ရွေးချယ်ပွဲသို့ အိမ်ထောင်စုကိုယ်စားလှယ်(၂၈၁)ဦး တက်ရောက်ကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်