ကွမ်းလုံ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း(၂၀၀)ကျော်ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း ဆောင်ရွက်မည်

ကွမ်းလုံ    ဇန်နဝါရီ     ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် စိမ့်စမ်းရေသွယ်ယူခြင်းနှင့် ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းများကို ကျပ်သန်း(၂၀၀)ကျော်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ပြည်ထောင်စုရန်ပုံငွေဖြင့် မန်ကောင်းကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် တုံကျက်ကျေးရွာ စိမ့်စမ်းရေ သွယ်တန်းခြင်းလုပ်ငန်း၊ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် မြောင်ယောက်ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ် ခြင်းနှင့် လိုင်ဂျုံကျေးရွာ၊ နမ့်ကျင်စံကျေးရွာ၊ ဟိုပုံကျေးရွာ၊ ကျန်ကြာကျိုင်းကျေးရွာ၊ မန်ကောင်းကျေးရွာနှင့် ပန် မကျေးရွာ စသည့်ကျေးရွာများတွင် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းများဖြစ်ပြီး ဇန်နဝါရီလ ဒုတိယအပတ်တွင် လုပ်ငန်း အသီးသီးမှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

၎င်းလုပ်ငန်းများအပြင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်း(VDP)ကို ကျေးရွာ()ရွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး မြစိမ်းရောင်စီမံကိန်းလုပ်ငန်း အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

မိုင်းခိုင်ဇော်(ကွမ်းလုံ)