မံစီ ဇန်နဝါရီ ၂၆
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ပန်ခမ်းကျေးရွာအုပ်စု မြန်မာ-တရုတ် (၂)နိုင်ငံနယ်စပ်၌ တရုတ်နိုင်ငံဘက်ခြမ်းမှခြံစည်းရိုးကာရံနေမှုကို ယမန်နေ့နံနက် ၁၀နာရီက ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာတွင် ဝန်ကြီးနှင့်အတူ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းအေးမင်း (မဲဆန္ဒနယ်အမှတ်၂)၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခေါင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက် ပါခဲ့ပြီး(၂)နိုင်ငံနယ်ခြားမှတ်တိုင်(၅၃/၁)၊ (၅၃/၂)၊ (၅၃/၄)၊ မြန်မာနိုင်ငံ ဘက်မှ ပန်ခမ်းကျေးရွာ အုပ်စု ပန်ခမ်းကျေးရွာ၊ နောင်မွန်းကျေးရွာ၊ မံအိုက်တိုက်ကျေးရွာတို့နှင့် ထိစပ်နေသည့် နမ့်၀မ့်ချောင်း တစ်ဖက်ကမ်းရှိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲ၊ လုံချွမ်ခရိုင်၊ ရွှေလီမြို့၊ လွယ်ယိမ်းကျေးရွာအုပ်စု၊ နမ့်ကူကျေးရွာ၊ ခန်းပန်းကျေးရွာ၊ ဟန်ပန်ကျေးရွာ တစ်လျှောက် တရုတ်နိုင်ငံဘက်ခြမ်းမှ ခြံစည်းရိုးကာရံ ထားရှိမှုကို မိမိတို့မြန်မာဘက်အခြမ်းမှ ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ တာ၀န်ရှိသူများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်းသိရသည်။
ရိန် (ပြန်/ဆက်)