ချင်းရွှေဟော် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူများ ထပ်မံဝင်ရောက်

ချင်းရွှေဟော်     ဇန်နဝါရီ      ၂၆

တရုတ်နိုင်ငံမှ   ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား  နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊  ချင်းရွှေဟော်မြို့  မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ  နေ့စဉ်ဝင်ရောက် လျက်ရှိရာ ယမန်နေ့ ညနေ()နာရီအချိန်က နေရပ်ပြန်ပြည်သူ(၁၀)ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။

အဆိုပါ   ဝင်ရောက်လာသည့်  နေရပ်ပြန်ပြည်သူ(၁၀)ဦးတို့မှာ  အမျိုးသား()ဦး၊  အမျိုးသမီး ()ဦး တို့ဖြစ်ပြီး  ရန်ကုန် တိုင်းဒေသကြီး၊ သင်္ကန်းကျွန်းမြို့နယ်မှ()ဦး၊ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှ()ဦး၊ ဧရာဝတီတိုင်း ဒေသကြီး၊ ကျုံပျော် မြို့နယ်မှ()ဦး နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံမြို့နယ်မှ()ဦး တို့ဖြစ်ပြီး ၎င်း နေရပ်ပြန် ပြည်သူများသည် တရုတ်နိုင်ငံ တွင် ကြံစိုက်ပျိုးခြင်း၊ ကြံခုတ်လုပ်ငန်းနှင့် ဈေးရောင်းလုပ်ငန်းများတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြသူများ ဖြစ်ကြောင်း သိရသည်။

ထိုသို့  ချင်းရွှေဟော်နယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၁၀)ဦးမှ ချင်းရွှေဟော်မြို့နှင့် ထိစပ်လျက် ရှိသည့် လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်မှ နေရပ်ပြန်ပြည်သူသုံးဦးတို့အား ကွမ်းလုံမြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက် ပြီး စနစ်တကျ စီစဉ် လွှဲပြောင်းပို့ဆောင်ပေးခဲ့ကာ ကျန်ရှိသည့် အခြားမြို့နယ်များမှ နေရပ်ပြန်ပြည်သူခုနှစ်ဦးတို့အား  ချင်းရွှေဟော်မြို့၊    မြို့တော် ခန်းမ၊ Quarantine Center တွင်ထားရှိပြီး ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ  ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။

ဇင်ဇင်(ပြန်/ဆက်)