ကျောက်တလုံးကြီး ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က သက်ကြီး ဘိုးဘွားများအတွက် လူမူရေးပင်စင်ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလပတ်အတွက် နိုင်ငံတော်မှ အသက်(၈၅) နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု အနေဖြင့် (၃)လ တစ်ကြိမ်ထောက်ပံ့ပေးသည့် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ)အတွက် လူမူရေးပင်စင်ထောက်ပံ့ ငွေများဖြစ်ကြောင်း၊ ကျောက်တလုံးကြီးမြို့ အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ ဖြစ်ကြသည့် ဒုံအုံးရပ်ကွက်မှ ဘိုးဘွား(၂)ဦး၊ တပူရွေး ရပ်ကွက်မှ ဘိုးဘွား(၁)ဦး၊ လင်းနားရပ်ကွက်မှ ဘိုးဘွား(၁)ဦး၊ ကောင်ဝိန်းရပ်ကွက်မှ ဘိုးဘွား (၁)ဦး၊ နောင်လုံ ရပ်ကွက်မှ ဘိုးဘွား(၃)ဦး စုစုပေါင်း(၈)ဦးတို့အား တစ်ဦးလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ ကျပ်(၂၄၀၀၀၀/−) ကို သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခြင်းဖြစ် ကြောင်း သိရသည်။
မြဝင်း(ပြန်/ဆက်)