မိုးမိတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု(၄၀၄၉)စုအား ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်

မိုးမိတ်     ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၄၀၄၉)စုအား အိမ်ထောင်စု တစ်စုလျှင်ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် ပဉ္စမအကြိမ် အဖြစ် ထောက်ပံ့ငွေများ ပေးအပ်ခြင်း ကို ယမန်နေ့ မွန်းလွဲ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင်   မြို့နယ်စီမံ ခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း နိုင်ငံတော် အစိုးရမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ယခင်က မြို့နယ်အတွင်းရှိ ရပ်ကွက်()ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇) အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၅၉၇) စုပေးအပ်ခဲ့ခြင်းဖြစ်ပြီး ယခု ပဉ္စမအကြိမ် ထောက်ပံ့ ပေးအပ်ရာတွင် အိမ်ထောင်စု (၁၄၅၂)စု တိုး၍ ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ပြီး အိမ်ထောင်စုများ လက်ဝယ် အရောက် ပေးအပ်သွားရန် ပြောကြားခဲ့ပြီး မြို့နယ်နှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ဇန်နဝါရီ ၂၆ ရက်မှစတင်၍ မိမိတို့ရပ်ကွက် /ကျေးရွာများရှိ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စု များအား အိမ်ထောင်စု တစ်စု လျှင် ငွေကျပ် ၂၀၀၀၀/-နှုန်းဖြင့် အခြေခံလူတန်းစားများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် သွားမည် ဖြစ်ကြောင်းသိရသည်။       

မိုးမိတ်သား(စည်သူဌေး)