လိပ်သိုဒေသထွက်မျှစ်များ လှိုင်လှိုင်ပေါ်ချိန် ဈေးနှုန်းကျဆင်း

လိပ်သို ဇူလိုင် ၃၀

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိုးရာသီကာလ အပိုဝင်ငွေရရှိစေရန်အတွက် မျှစ်များကိုလိုက်လံချိုးယူရောင်းချလျက်ရှိရာ မျှစ်များလှိုင်လှိုင်ပေါ်ချိန်၌ မျှစ်စိုနှင့် မျှစ်ပြုတ်များ စျေးနှုန်းကျဆင်းလျက်ရှိသည်။

လိပ်သိုဒေသထွက်  မျှစ်စိုများမှာပေါ်ဦးစတွင် တစ်ပိဿာလျှင် ၁၀၀ဝကျပ် အထိဈေးရရှိပြီး ယခုကာလ မျှစ်များလှိုင်လှိုင်ပေါ်ချိန်တွင် မျှစ်စိုတစ်ပိဿာလျှင် ၇၀ဝကျပ်နှင့် မျှစ်ပြုတ် တစ်ပိဿာလျှင် ကျပ် ၁၀၀၀ သာ ဈေးရရှိနေကြောင်း  မျှစ်လိုက်လံချိုးယူရောင်းချသူတစ်ဦးထံမှ သိရသည်။

အဆိုပါ မျှစ်စိုနှင့်မျှစ်ပြုတ်များကို လိပ်သိုမြို့ပေါ်ရှိ မျှစ်အဝယ်ဒိုင်များက ဝယ်ယူလျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သို့တစ်ဆင့် ပြန်လည်တင်ပို့ရောင်းချကြကြောင်း သိရသည်။

နော်ဖလောရင်း