သံတောင်ကြီး ဇူလိုင် ၃၀
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ကျောင်းသူ/ကျောင်းသားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ဇူလိုင် ၂၉ ရက်က သံတောင်ကြီးမြို့အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ အားကစားရုံ၌ ဆောင်ရွက်သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် ကျောင်းသား ကျောင်းသူများ၏ အရပ်၊ ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရေပြား၊ သွားနှင့်ခံတွင်းမျက်လုံး၊ နား၊ လည်ပင်းစသည့် ကျန်းမာရေးဆိုင်ရာများကို မြို့နယ်ဆရာဝန်ဒေါက်တာဇေယျာဦးနှင့် ကျန်းမာရေးဝန်ထမ်းများက စစ်ဆေးပေးခဲ့ပြီးလိုအပ်သည့် ဆေးဝါးများအခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နော်မူ