မိုးနဲမြိုနယ်တွင် မှော်ဘီကောက်ညှင်းမွှေးစပါး နှစ်ဧကစိုက်ပျိုး

မိုးနဲ ဇူလိုင် ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နောင်မြိုင်းကျေးရွာအုပ်စု ကင်တုံကျေးရွာရှိ တောင်သူ ဦးစိုင်းမျိုး‌ဇော်လတ်၏ လယ်မြေနေရာ၌ မှော်ဘီကောက်ညှင်းမွှေးစပါးမျိုး နှစ်ဧက စိုက်ပျိုးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က စိုက်ပျိုးခဲ့ကြောင်း သိရသည်။   

ထိုသို့စိုက်ပျိုးရာနေရာသို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်ဝင်း၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး ကောက်စိုက်အဖွဲ့ဝင်များအား အချိုရည်နှင့် မုန့်များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)