ကျောက်ပန်းတောင်း ဇူလိုင် ၂၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ကျောက်ပန်းတောင်းမြို့နယ်၌ ဒုတိယဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ဖြစ်သည့် ဇူလိုင် ၂၉ ရက်တွင် ဘုရားပုထိုးစေတီကျောင်းကန်များ၌ ဘုရားဖူးပြည်သူများ၊ အပမ်းဖြေ အနားယူကြသူများဖြင့် စည်ကားလျက်ရှိသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် နှစ်စဉ်နှစ်တိုင်း ဝါတွင်းကာလပထမဆုံးရက်တွင် ရပ်ကွက်အသီးသီးရှိ ဆွမ်းလောင်းဓမ္မာရုံများတွင် အရုဏ်ဆွမ်းလောင်လှူခြင်း၊ ဥပုသ်သီတင်းသီလ ဆောက်တည်ကြသူများဖြင့် ရပ်ကွက်အလိုက် စည်ကားလျက်ရှိပြီး မွန်းလွဲပိုင်းတွင် ဘုရားပုထိုး၊ ကျောင်းကန်များဖြစ်သည့် မြို့ဦးအောင်စေတီ၊ စကားဝါမင်္ဂလာကန်တော်၊ ဆုတောင်းပြည့်မဟာစေတီကြီးဘုရား၊ ဣစိတ္တံဘုရား၊ ကုန်းတော်ကြီး မင်္ဂလာစေတီဘုရား၊ သက်တော်ရ၊ သက်တော်ရှည်ဘုရားနှင့် ရှေးဟောင်းသမိုင်းဝင် မြရွှေဂူဘုရားတို့တွင် ဝါဆိုပန်းကပ်သူများ၊ အဖွဲ့အလိုက် ဘုရားဖူးပြည်သူများ၊ မိသားစုအလိုက် အပန်းဖြေ အနားယူကြသူများဖြင့် စည်ကားလျက်ရှိကြပြီး၊ ဘုရားဖူးလာ ပြည်သူများအား အာဟာရကုသိုလ်ပြုကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)