တောင်ဥက္ကလာပမြို့နယ်သမဝါယမအသင်းစုတွင် သက်သာသော‌ ဈေးနှုန်းများဖြင့် ကြက်ဥအလုံး (၈၀၀၀)ရောင်းချ

တောင်ဥက္ကလာပ ဇူလိုင် ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၀)ရပ်ကွက် မေတ္တာလမ်း မြို့နယ်သမဝါယမအသင်းစုရုံးရှေ့၌ ယမန်နေ့နံနက်ပိုင်းအချိန်ကစ၍  သက်သာသောနှုန်းများဖြင့် ကြက်ဥအလုံး (၈၀၀၀)ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကြက်ဥအလုံး (၈၀၀၀) ရောင်းချပေးခြင်းကို မြို့နယ်သမဝါယမအသင်းစု၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိပြည်သူများ သက်သာချောင့်ချိစွာ ဝယ်ယူစားသုံးနိုင်ရေးနှင့် မြို့နယ်သမဝါယမအသင်းစုအတွက်  အရှုံးမရှိ သင့်တင့်သော အကျိုးအမြတ်ရယူပြီး ပြည်သူများအတွက် ကြက်ဥတစ်လုံးလျှင် ၅၅၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထို့သို့ သင့်တင့်လျောက်ပတ်သော နှုန်းထားများဖြင့် ကြက်ဥများရောင်းချပေးခြင်းကို နေ့စဉ် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)