ရေတာရှည် ဇူလိုင် ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရသော လူနာများအား ယနေ့ နေ့လယ်(၁၁)နာရီက အာဟာရဒါန ကျွေးမွေး လှူဒါန်းခဲ့သည်။
ထိုသို့ ကျွေးမွေးလှူဒါန်းရာတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ ဒုဥက္ကဋ္ဌ ဦးကျော်ဌေးနှင့် အဖွဲ့များက ရေတာရှည်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော လူနာများအား အာဟာရပြည့်ထမင်းဘူးများ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထို့နောက်ကျန်သနွယ်ကျေးရွာအုပ်စု၊ တောင်နန်ချွန်ကျေးရွာ၊ ဦးထွန်းထွန်းဝင်း၏ ဥစားကြက် ကောင်ရေ (၂၀၀၀၀) ကြက်ခြံရှိ ကြက်မွေးမြူထားရှိမှုများအား လှည့်လည်ကြည့်ရှုခဲ့သည်။
ဆက်လက်ပြီး မြို့လှမြို့တွင်ရှိသော ဦးဇေယျာမြင့် Light House ကော်ဖီမှုန့် စက်ရုံသို့သွား ရောက်ကာ လုပ်ငန်းများအားကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)