ဟိုပုံး ဇန်နဝါရီ ၂၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းမဖြစ် မနေတပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက်၈ နာရီ အချိန်မှ စတင် ၍ ဟိုပုံးမြို့မဆည်သွားလမ်းနှင့် မြို့မဈေးလမ်းဆုံတွင် Mask Campaignကို နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဈေးဝယ်သူများနှင့် လမ်းသွားလမ်းလာ ဖြတ်သန်းသွားလာနေကြသည့် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး လူတိုင်းပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ စနစ်တကျ တပ်ဆင်အသုံးပြုရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို သိသာစွာ နှေးကွေးစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လမ်းသွားလာပြည်သူများနှင့် ဈေးဝယ်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များ အသိပညာပေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဦးအောင်နေဇော်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျန်းမားရေး ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်း ၍ Mask (၅၀၀) ခု အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)